သတင်းများ

ကချင်ပြည်နယ်အတွင်း အရည်အသွေးပြည့်ဝမှန်ကန်သော စာရင်းအချက်အလက်‌ကောက်ယူရေးနှင့် ခရိုင်၊ မြို့နယ်များ၏ ဒေသန္တရ စီမံကိန်းလုပ်ငန်းများ အဆိုပြုလျာထားရေးဆွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး
May 27,2021
ကချင်ပြည်နယ်အတွင်း အရည်အသွေးပြည့်ဝ မှန်ကန်သော စာရင်းအချက်အလက် ကောက်ယူရရှိရေးနှင့် ၂၀၂၁-၂၀၂၂ ဒေသန္တရ စီမံကိန်း လုပ်ငန်းများဆိုင်ရာ အဆိုပြုလျာထားရေးဆွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမများ၌ ကျင်းပပြု လုပ်ကြသည်။
ကသာခရိုင်နှင့်ကောလင်းခရိုင်အတွင်းရှိ ပုဂ္ဂလိကမူကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုးမူကြို ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး
May 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကသာခရိုင်နှင့် ကောလင်းခရိုင် အတွင်းရှိ ပုဂ္ဂလိကမူကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိ Community Centre ခန်းမ၌ မူကြိုကျောင်းတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့သည်။
သာယာဝတီမြို့နယ် သုံးဆယ်မြို့ ပီမိုးနင်းစာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်
May 27,2021
ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်ချိန်ကာလအတွင်း သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ပီမိုးနင်း စာကြည့်တိုက်အား ခေတ္တပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာသည့် အတွက် ပြည်သူများ စာပေဗဟုတတိုးပွားစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် ကြာသပတေးနေ့မှ တနင်္ဂနွေနေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲ အချိန်အထိ ရပ်ကွက်ကျေးရွာအတွင်းရှိ ပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်အား ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့ ကံ့ကော်လမ်း လမ်းသားချဲ့ခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး အုတ်ရေမြောင်းတူးဖော်
May 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ကံ့ကော်လမ်းအား လမ်းသား ချဲ့ထွင်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး အတွက် အုတ်ရေမြောင်း တူးဖော်ပေးခြင်းကို မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လျာထားရန်ပုံငွေမှ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၏ ထောက်ပံ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
May 27,2021
ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် မေ၂၆ ရက် ညနေ ၃နာရီခွဲက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ အခြေခံပညာကျောင်း၌ ကျောင်းအပ်နှံရေး သီတင်းပတ်စတင်
May 27,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေး အတွက် မေလ(၂၄)ရက်နေ့ မှစတင်၍ ရိခေါ်ဒါရ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအပ် လက်ခံခြင်းကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာတွင် လျှပ်စစ်ဓာတ်အားများစတင်ရရှိ
May 27,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာအုပ်စု ၊ န/လက္ခုပ္ပင်ကျေးရွာ တွင် ယမန်နေ့ညနေ (၆) နာရီအချိန်ခန့်က လမ်းမီးများ စတင်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
ပျဉ်းမနားမြို့နယ်၌ မြန်မာ့သိုင်း (အခြေခံ)သင်တန်းဆင်းပွဲကျင်းပ
May 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခဏခရိုင်၊ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယနေ့၊ နံနက်(၈)နာရီတွင် ပျဉ်းမနားမြို့နယ်၊ ငကောင်းကံ ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။