မိုင်းယောင်း မေ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဒုတိယသုံးလပတ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့အတွက် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်၃၀၀၀ဝိ/- (သုံးသောင်း တိတိ)ကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူမှ ဘိုးဘွားများ၏အိမ်သို့ သွားရောက်ပြီး ဂါရဝပြုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ထောက်ပံ့ရာ၌ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သည့် အမျိုးသားလူမှု ရေးပင်စင်ငွေ ရရှိခံစားနေသော အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၁၂၈ ဦး ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အားချာ