သတင်းများ

ကရင်ပြည်နယ်တွင် ပြည်နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 27,2021
ကရင်ပြည်နယ်၊ ပြည်နယ်လုံးကျွတ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး အထိမ်း အမှတ်အခမ်းအနားကို မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဦးသိန်းကိုကို၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများ တက်ရောက်ခဲ့ကြသည်။
ချောင်းဆုံ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။
ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
May 27,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန၏ အနီးကပ် ကြီးကြပ်မှုနှင့် မြစ်ကြီးနားမြို့နယ် ငါးလုပ်ငန်းဦစီးဌာနက ဦးစီးကျင်းပသော ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့မရပ်ကွက် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် ဆိပ်ကမ်းရှိ Golden Ayer ရေပေါ်ဆိပ်ခံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းပြားမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေး
May 27,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မင်းပြားမြို့နယ်အတွင်း ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း ဆွေးနွေး ခြင်းအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်း အဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲကအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာ ခန်းမတွင် ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ မြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
ဝေါမြို့နယ် Community Centre ခန်းမတွင် စာရေးဆရာ အတ္တကျော်၏ သားငယ်၊ သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
May 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်မှ အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးတတ်စေရန်၊ စာပေမှရရှိသော  အသိအမြင် ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ် အမှတ်-၂၊ တပ်မတော်အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊ အမှတ် -၂ ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကျင်းပရာ ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ 
ကျေးသီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ကျေးသီးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။