ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်ကန့်ကော်တောကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်
May 27,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၌ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ကန့်ကော်တော ကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူ (၄၄) ဦးကို ကတ်ပြားများ ပြုလုပ် ပေးခြင်းအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်နှင့် ဝန်ထမ်းများလိုက်ပါလျက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။