တနင်္သာရီမြို့နယ်ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
May 27,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို မေလ၂၇ရက် နံနက်၁၀နာရီ၃၀အချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမအတွင်း ကျင်းပ ပြုလုပ်ရာ မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းနှင့်မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဝင် ဌာနဆိုင်ရာဦးစီးမှူးများတက်ရောက်ခဲ့ကြသည်။