သတင်းများ

လယ်ဝေးမြို့၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက အ.ထ.က(၁)လယ်ဝေး ရွှေရတုခန်းမ၌ ကျင်းပသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနား အ.ထ.က (ဇီးကုန်း) တွင် ကျင်းပ
May 27,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း)တွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့ အမှတ် (၂)ရပ်ကွက် ဘုရင့်နောင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု (၇၅)ရာခိုင်နှုန်း ပြီးစီး
May 27,2021
​ပြည်သူများသွားလာရေးအဆင်ပြေစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်တွင် ယခင်ပျက်စီးနေသည့် ဘုရင့်နောင်ကွန်ကရစ်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု (၇၅)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ် ကြောင်း သိရသည်။
မြိတ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာမှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး
May 27,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာမှုအား ကာကွယ်ထိန်းချုပ်နိုင် ရေးနှင့် ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် မေလ(၂၆)ရက် နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော် မတီနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံ၍ ညှိနှိုင်ဆွေးနွေးခဲ့ကြသည်။
ပဲခူးမြို့နယ် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
May 27,2021
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ပဲခူးမြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို နံနက် ၉နာရီတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းခဲ့သည်။
မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
May 27,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် မေလ ၂၄ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၌  ကျောင်းအပ်လက်ခံခြင်းကို  စတင်ဆောင်ရွက်လျက်ရှိရာ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ အနေဖြင့်လည်း ကျောင်းအပ်နှံခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
တာလေမြို့တွင် ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
May 27,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တာလေမြို့ရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေး ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများကို မေ ၂၄ ရက်မှ စတင်၍ နေ့စဉ်နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျောင်းအပ်နှံခြင်းများ လက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး စတုတ္ထနေ့အဖြစ် ယနေ့တွင်လည်း အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျောင်းအပ်နှံခြင်းနှင့် လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ကျိုက်ဒုံမြို့တွင် ဝဥများစတင်စိုက်ပျိုးလျက်ရှိ
May 27,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့နယ်ကျေးရွာများတွင် ယခုနှစ် မိုးဦးကျကာလတွင် ဝဥများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။