သတင်းများ

မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီဖွင့်လှစ်
May 27,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရှိပြည်သူ့စာကြည့်တိုက် ကို ကိုဗစ်-၁၉ ရော‌ဂါဖြစ်ပွားခဲ့မှုကြောင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ စတင်၍စာအုပ်ငှားရမ်းမှုများကို ယာယီရပ်နားခဲ့ရပြီး ယခုအခါ ဧပြီလ ၂၉ ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ပြည်လည်ဖွင့်လှစ်ငှားရမ်းပေးလျက်ရှိသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 27,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းမျိုးတရာ ခန်းမတွင် ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး နေ့ အခမ်းအနားကျင်းပ
May 27,2021
၂၀၂၁-၂၀၂၂ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယ မန်နေ့ နံနက်ပိုင်း(၉)နာရီအချိန်က ရန်ကုန် အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း သီရိမြန်မာ ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၊ တကူ(စံပြ) တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူနှင့် ထိစပ်ပြီး အနံ့ ပျောက်သူ(၁)ဦး ရောဂါပိုးထပ်မံတွေ့ရှိ
May 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအုပ်စု- ပတ္တမြားကျေးရွာမှ အသက်(၁၉)နှစ် အရွယ် အမျိုးသမီးတစ်ဦးက အနံ့ပျောက်နေကြောင်း သတင်းပို့လာသဖြင့် ယနေ့ နံနက် ၁၀ နာရီခန့်က တကူ (စံပြ) တိုက်နယ်ဆေးရုံ သီးသန့်အဆောင်သို့ ခေါ်ယူ၍ တာဝန်ခံဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည်က ဦးဆောင်ကြီးကြပ်လျက် ဓါတ်ခွဲကျွမ်းကျင်(၄) ဒေါ်စုမြတ်မွန်မှ Covid-19 Antigen Rapid Test (RDT)ဖြင့် ချက်ခြင်း စစ်ဆေးပေးရာ Covid-19 ရောဂါပိုး ထပ်မံအတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။
မွန်စာပေယဉ်ကျေးမှု သင်တန်းဆင်းပွဲ ကျင်းပ
May 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မွန်စာပေနှင့် ယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ယမန်နေ့က ရာမညနိကာယမွန်ကျောင်းဝင်းအတွင်း ကျင်းပသည်။
နွားထိုးကြီး မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး သီတင်းပတ် အခမ်းအနားကျင်းပ
May 27,2021
နွားထိုးကြီးမြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရဖို့ ကျောင်အပ်နှံကြပါစို့ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး သီတင်းပတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း အောင်သူရိန် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2021
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် မြို့နယ်ပညာရေးမှူးကိုယ်စား မချမ်းဘော့မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးဂျီယောနသန်တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားကြသည်။