ဝေါ မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေ ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်မှ အလေ့အထကောင်း များ ဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးတတ်စေရန်၊ စာပေမှရရှိသော အသိအမြင် ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း မှ တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) ဥက္ကဋ္ဌ ဦးမြင့်စိုး(စာရေးဆရာ ဘုန်သော်ဝေါ) နှင့် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်ဦးက စာရေးဆရာ အတ္တကျော်၏ သားငယ်သမီးငယ်များ ပဲ့ပြင်ထိန် ကျောင်းခြင်း အနုပညာစာအုပ်ထဲမှ ကလေးနှင့်ပတ်ဝန်းကျင်ခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိသတ်များက ၎င်းစာအုပ်ပါ အကြောင်းအရာများကို အချင်း အချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အောင်မြတ်လင်း (ပြန်/ဆက်)