သတင်းများ

မိတ္ထီလာမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူများအား အရေးယူ ဆောင်ရွက်
May 27,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက်နာသူများအား ယနေ့နံနက်က မိတ္ထီလာ- ကျောက်ပန်းတောင်းသွားကားလမ်း မိတ္ထီလာကန်ကူးတံတားပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
May 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ် ခဲ့သည်။
ရွှေသောင်ယံမြို့ အ-ထ-က‌ ရွှေသောင်ယံတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံ
May 27,2021
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-ကရွှေသောင်ယံတွင် (၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် မေလ (၂၄) ရက်နေ့ မှစတင်ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ မေလ(၂၆)ရက်နေ့အထိ ကျောင်းသား၊‌ ကျောင်းသူဦးရေ(၁၁၂)ဦး လာရောက် ကျောင်းအပ်နှံပြီး ကြောင်း သိရသည်။
ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ကျိုက်မရောမြို့နယ်၌အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူ ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်း၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားနိုင်ရန်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီက အ.ထ.ကကျိုက်မရော (ပညာ့အားမာန်) ခန်းမ၌ပြုလုပ်သည်။
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ကျောင်းသားစာရင်းများ လက်ခံ
May 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်၏ ၂၀၂၁ - ၂၀၂၂ ပညာ သင်နှစ် အခြေံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသားစာရင်းများစတင်လက်ခံခြင်းကို မေ ၂၄ ရက် နံနက် ၁၀ နာရီက မြို့ပေါ် ငါးရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းများတွင် စာရင်းလက်ခံ ဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိသည်။
သဲကုန်းမြို့နယ်တွင် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပပြုလုပ်
May 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်လုံးကျွတ် ကျောင်း အပ်နှံရေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်း(၅)ခန်းတွဲ ရေလောင်းအိမ်သာဆောက်လုပ်
May 27,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းတွင် (၅) ခန်းတွဲ ရေလောင်းအိမ်သာ မြို့နယ် စည်ပင်သာရေးအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 27,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း သဇင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။