ချောင်းဆုံ မေ ၂၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပညာရေးမှူး(ပူးတွဲတာဝန်) ဆရာကြီးဦးသန်းမြင့် က ကျောင်းအပ်နှံရေးနှင့် ပတ်သက်ပြီး ရှင်းလင်းပြော ကြားသည်။ ထို့နောက် ကျောင်းအပ်နှံရေးတွင် ကျောင်းသား/သူများ အတွက် နိုင်ငံတော်မှ ထောက်ပံ့သော ကျောင်းသုံးပြဌါန်းစာအုပ်များ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask နှင့် Face Shield များအား တာဝန်ရှိသူ များက ကျောင်းသား/သူများထံပေးအပ်ခဲ့ကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြင့် မေ ၂၄ ရက်မှ ၂၆ ရက်နေ့ အထိ ချောင်းဆုံမြို့နယ်တွင် ကျောင်းသား/သူ(၆၅၄၈)ဦးလာရောက် အပ်နှံပြီးဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရ သည်။