မင်းပြားမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေး

မြောက်ဦး မေ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မင်းပြားမြို့နယ်အတွင်း ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း ဆွေးနွေး ခြင်းအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်း အဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဋ္ဌ ဦးမျိုးစိုးမင်းက မင်းပြားမြို့နယ်၏ နယ်မြေဒသအခြေအနေနှင့်လမ်းပန်းဆက်သွယ်မှုနှင့် ဒေသဖွံ့ဖြိုး တိုးတက် လာမှု အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းဆောင်နိုင်မှု အခြေ အနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သက်ဆိုင် ရာဌာနအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်း စီမံလျာထားချက် အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် လျှပ်စစ်မီး ရရှိရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း