ညောင်ဦး မေ ၂၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ခရိုင်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ ယနေ့နံနက် ၉နာရီခွဲအချိန်က ညောင်ဦးခရိုင်၊ ခရိုင်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ကအဖွင့်အမှာစကား ပြောကြားပြီး ၊ညောင်ဦးခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုအခြေအနေများနှင့်ပတ်သက်၍ ပညာရေးဆိုင်ရာ ကိစ္စရပ်များရှင်းလင်းပြောကြားပြီး မေလ ၂၄ရက်နေ့မှ မေလ ၃၁ရက်နေ့အထိကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ခဲ့ပြီးကျောင်းသား/သူများကိုပိတ်ရက်မရှိလက်ခံပေးခဲ့ကြောင်းရှင်းလင်းပြောကြားသည်။ဆက်လက်၍ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က ကျောင်းသုံး ပြဌာန်းစာအုပ်များအား ကျောင်းသား/သူများအား ထောက်ပံ့ပေးအပ်ခြင်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်မှ ကျောင်းသား/သူများအား Maskနှင့် မျက်နှာဖုံးအကာ (Face Sheld)များကို နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံခြင်းနှင့်အခြေခံပညာကျောင်းများဖွင့်လှစ်ခြင်းကို ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ညောင်ဦးခရိုင်တွင် ညောင်ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ် နှစ်မြို့နယ်ရှိပြီး ၊အခြေခံ ပညာအထက်တန်းကျောင်း (၂၈)ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း-ခွဲ(၈၀) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၅၀)ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်း-ခွဲ(၄၀)ကျောင်း၊ မူလွန်ကျောင်း(၈၄)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၂၀၇) ကျောင်း၊ အခြေခံပညာမူလတန်း-ခွဲ((၁၂)ကျောင်းရှိကာ ညောင်ဦးခရိုင်တွင် အခြေခံပညာ ကျောင်းပေါင်း (၅၀၁)ကျောင်းရှိကြောင်း ညောင်ဦးခရိုင် ပညာရေးမှူးရုံးထံကသိရသည်။
ကိုထိန်၊KPD