ချောင်းဆုံမြို့နယ်တွင် ကျောင်းသား/သူပေါင်း (၉၀၈၂)ဦးလာရောက် ကျောင်းအပ်နှံ

 
ချောင်းဆုံ မေ ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံမှုကာလအတွင်း မေ ၂၄ ရက်နေ့မှ စတင်ကာ ကျောင်းအပ် လက်ခံလျက်ရှိရာ မေလ ၂၇ ရက်နေ့အထိ ကျောင်းသား/သူပေါင်း (၉၀၈၂)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် အ.ထ.က (၉)ကျောင်း၊ အ.ထ.က-ခွဲ(၅)ကျောင်း၊ အ.လ.က (၂)ကျောင်း၊ အ.လ.က ခွဲ(၅) ကျောင်း၊ မူလွန်(၁၂)ကျောင်း၊ အ.မ.က (၇၈)ကျောင်း စုစုပေါင်း(၁၁၁)ကျောင်းရှိရာ မေလ ၂၇ ရက်နေ့အထိ မူလတန်းအဆင့် ကျောင်းသား/သူ (၆၀၉၇)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၅၄၃၅)ဦး ၊ အထက်တန်းအဆင့်ကျောင်းသား/သူ (၅၅၀)ဦး ရှိပြီး စုစုပေါင်း ကျောင်းအပ်နှံပြီးစီးမှု ရာခိုင်နှုန်း မှာ ၃၆ ဒဿမ ၆၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။