မြင်းခြံ မေ ၂၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန် စားမေးပွဲအောင်မြင်သော သံဃာတော်များအား အောင်လက်မှတ်ဆပ်ကပ်နိုင်ရေးနှင့် စာတော်ဆုငွေ လှူဒါန်းနိုင်ရေးအတွက် အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီ အချိန်က မင်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးကို "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြင်းခြံမြို့နယ် သံဃာ့နာယကအဖွဲ့ ဒုဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညာနန္ဒ မှ ဩဝါဒ မိန့်ကြားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါဠိပထမပြန် စာမေးပွဲ အောင်မြင်သော သံဃာတော်အရှင်သူမြတ် အပါး ၂၁၀ အား ဇွန်လ ၅ ရက် နေ့တွင် ဆပ်ကပ်ရေးအဖွဲ့မှ ကျောင်းများအရောက် အောင်လက်မှတ်ဆပ်ကပ်နိုင်ရေးနှင့် စာတော်ဆု ငွေများကို လိုက်လံ ဆပ်ကပ်သွားမည်ဖြစ်ပြီး အစည်းအဝေးကို "ဗုဒ္ဓ သာသနံ စိရံ တိ" သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)