မိုင်းဖြတ်မြို့နယ်လုံးဆိုင်ရာအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူ​ဇော်ပွဲကျင်းပ

မိုင်းဖြတ်   ​မေ   ၂၈

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူ​ဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ​ယမန်နေ့ ည​နေ ၅နာရီခန့်က ​ ​ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)​ကျောင်းရှိ မင်္ဂလာသီရီ​ကျောင်း​ဆောင်၌ ကျင်းပပြုလုပ်သည်။

​  ရှေးဦးစွာ န​မောတဿ သုံးကြိမ်ကြိမ်ရွတ်ဆို ဘုရားကန်​တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့​နောက် မိုင်း​ယောင်းမြို့ ​ ​ထေရဝါဒဗုဒ္ဓသာသနာပြု​ကျောင်း လက်​ထောက်ဆရာ​တော် ဘဒ္ဒန္တသုနန္ဒက ​ရောင်ခြည်​တော်ဖွင့် ဂါထာ​တော်ဖြင့် ဘုရားပင့်​တော်မူခဲ့ပြီးနောက် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)​ကျောင်းဆရာ​တော် (မဟာသဒ္ဒမ္မ ဇောတိကဓဇ)ဦးနန္ဒောဘာသထံမှ တရားနာပရိတ်သတ်များက ငါးပါးသီလ ခံယူ​ဆောက် တည်ကြသည်။

ဆက်လက်၍ နမ့်ပန်​သာသနာပြုကျောင်းဆရာ​တော်ဘဒ္ဒန္တ ပညာသီရိက သမ္မာ​ဒေဝနတ်​မြတ်၊ နတ်​ကောင်းနတ်ဗြဟ္မာ အ​ပေါင်းတို့အား ပဋ္ဌာန်းတရားနာကြားရန် ဖိတ်ကြားခြင်းကိုလည်း​ကောင်း၊ မိုင်း​ယောင်း မြို့ သာသနာပြုဆရာ​တော် ဘဒ္ဒန္တသုဇနက  ပဋ္ဌာန်းအမွှန်း ဂါထာ​တော်ဖြင့် မဟာပဋ္ဌာန်းကျမ်း​တော်ကြီး အား ပူ​ဇော်ခြင်းကိုလည်း​ကောင်း၊ သံဃာ​တော် အရှင်သူမြတ်များ၏ ဦးဆောင်မှုဖြင့် ဧည့်ပရိတ်သက်များက ပဋ္ဌာန်းပစ္စယု​ဒ္ဒေသပါဠိ​တော်ကို သံပြိုင်ညီညာစွာ ရွတ်ဆိုခဲ့ကြသည်။ ယင်း​နောက် အလှည့်ကျ ဘဏက ဆရာ​တော်များက မဟာပဋ္ဌာန်းကျမ်း​တော်ကြီးကို စတင်ရွတ်ဖတ်ပူ​ဇော်ခဲ့ကြသည်။

အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူ​ဇော်ပွဲကို ​မေလ ၂၇ရက်​နေ့မှ ၃၁ ရက်​နေ့အထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ်ပူ​ဇော်သွားမည်ဖြစ်​ကြောင်း သိရသည်။

​​သန်းထွန်းအေး(ပြန်/ဆက်)