စစ်တွေမြို့တွင် ၀န်ထမ်းများစာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

စစ်တွေ မေ ၂၈ ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိရန်နှင့် စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင် အတွင်း ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မား စေရေး ရည်ရွယ်ပြီး ဌာနတွင်း ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စစ်တွေခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံး ဒုတိယဦးစီးမှူး ဒေါ်အေးအေးအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်စာအုပ်ပါ ဝန်ထမ်းများ လိုက်နာရမည့် တာဝန် (၁၂)ရပ်နှင့် ဝန်ထမ်း စည်းကမ်း ဆိုင်ရာများအား လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးအောင်စံထွန်းက လုပ်ငန်းများ ဆောင်ရွက်ရာ တွင် လျင်မြန်မှန်ကန်စွာဆောင်ရွက်နိုင်ရန် သတ်မှတ်ထားသည့် လုပ်ငန်း စနစ်များ(Standrd Operating Procedure (SOP) စာအုပ်ပါ ခွင့်အမျိုးအစား များနှင့် ခွင့်တင်ပြ တောင်းခံရာတွင် လိုက်နာရမည့်အချက်များ၊ ပင်စင် အမျိုးအစားများနှင့် ပင်စင်ခံစားခွင့် တင်ပြရာတွင်လိုက်နာ ဆောင်ရွက်ရမည့် အချက်များအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထိုသို့ စာဖတ်ဝိုင်းများကျင်းပ ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေကာ ဝန်ထမ်းများလုပ်ငန်း စွမ်းဆောင် ရည်မြှင့်မားစေသည့် အကျိုးကျေးဇူးများ ရရှိစေပြီး စာဖတ်ဝိုင်းအား အပတ်စဉ် သောကြာနေ့ တိုင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ အောင်စံထွန်း