ကျောက်ဆည်မြို့နယ်တွင် အိမ်သုံးမီတာ အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား

                                                                      ကျောက်ဆည်  မေ ၂၈

မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့တွင် ယနေ့နံနက်(၂)နာရီခွဲအချိန်က ဘုံကွင်းကျေးရွာအုပ်စု၊ စမာကျေးရွာအခြေခံ ပညာမူလတန်းကျောင်းဝင်းအတွင်းရှိ ပစ္စည်းများ သိုလှောင်ရန် ယာယီဆောက်လုပ်ထားသော (၁၀)ပေပတ်လည် (၃)ပင် (၂)ခန်း၊ သွပ်မိုး၊ ထရံကာ အဆောက်အဦးတစ်လုံး အိမ်သုံး မီတာအပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ စမာကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းရှိ ပစ္စည်းများသိုလှောင်ရန် ယာယီဆောက်လုပ် ထားသော (၁၀)ပေပတ်လည် (၃)ပင်(၂)ခန်း၊ သွပ်မိုး၊ထရံကာ အဆောက်အဦတွင် တပ်ဆင်ထားသည့် အိမ်သုံးမီတာ အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ စတင်မီးလောင်မှုဖြစ်ပွားကြောင်း သိရှိရကာ အဆိုပါမီးလောင်ရာသို့ ကျေးရွာပြည်သူ လူထုမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် နံနက် (၃)နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် (၁၀)ပေပတ် လည် (၃)ပင်(၂)ခန်း သွပ်မိုး၊ ထရံကာ အဆောက်အဦတစ်လုံး၊ အိမ်သုံးလျှပ်စစ်မီတာ(၁)လုံး၊ ကွန်ပရပ်ဆာ(၁)လုံး၊ ရေမော် တာ (၁)လုံးနှင့် အဆောက်အဦအတွင်းရှိ ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားစေသူ စမာကျေးရွာ အခြေခံ ပညာ မူလတန်းကျောင်းအုပ်ကြီး ဦးစိုးမောင်အား ကျောက်ဆည်မြို့မ ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)