ရွှေဘို မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများ ကျောင်းအပ်လက်ခံခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန် ချက်များနှင့် အညီ မေလ ၂၄ ရက်နေ့၊နံနက် ၉ နာရီမှ စ၍မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျောင်းများအလိုက်စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရွှေဘိုမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း (၁၇၇) ကျောင်း ရှိပြီး၊ ကျောင်းအပ် နှံရာတွင် သက်ဆိုင်ရာအတန်း အလိုက် ကျောင်းသား တစ်ဦးချင်းစီအား မည်သည့် အခ ကြေးငွေမှ ကောက်ခံခြင်း မရှိဘဲ ကျောင်းသုံး ပြဌာန်း စာအုပ်အစုံ၊ ဗလာစာအုပ် (၁)ဒါဇင်၊ Face Shield (၁)ခု၊ Mask(၂)ခု၊ ဘောလ်ပင် (၂)ချောင်း၊ ခဲတံ(၂) ချောင်းတို့ကိုပါ ထောက်ပံ့ပေးအပ် လျက် ရှိပြီး၊ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ ပိတ်ရက်မရှိ လက်ခံ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရပြီး ယနေ့အထိ လာရောက်အပ်နှံသည့် ကျောင်းအပ် ကျောင်းသား လေးထောင် ကျော်သွားပြီဖြစ်ကြောင်းရွှေဘိုပညာရေးမှူးရုံးထံမှသိရသည်။
စိုးသီဟ ( ရွှေဘို )