ရွှေကျင် မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိ်န်က အ.ထ.က (ရွှေကျင်) ပညာရတနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား စစ်ဗျူဟာအဖွဲ့ အခြေချ(ရွှေကျင်)၊ စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်က အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူမှ (၂၀၂၀-၂၀၂၁) ပညာသင် နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပညာကို ဆုံးခန်းတိုင် သင်စေလိုကြောင်း ပြောကြားသည်။ ဆက်လက်ပြီး တာဝန်ခံ(ဒု)မြို့နယ် ပညာရေးမှူး ဦးမြင့်သောင်းမှ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး ကျောင်းနေမြဲ ကလေးတိုင်း ကျောင်းထွက်ပပျောက်ရေးအတွက် မိဘများမှ မိမိ၏ သားသမီးများကို ကျောင်းအပ်နှံ ရာတွင် ပူးပေါင်းပါဝင်စေလိုကြောင်း ကျောင်းနေအရွယ် ကလေးအားလုံး မည်သည့် ခွဲခြားမှုမျိုးမှ မရှိစေပဲ အခွင့်အရေးတူညီစွာဖြင့် ပညာသင်ကြားခွင့်ရရှိစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလို ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်က လှူဒါန်းသော ထောက်ပံ့ပစ္စည်းများနှင့် အလှူရှင်များက လှူဒါန်းသော ထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ အ.ထ.က(ရွှေကျင်) ကျောင်းအုပ် ဆရာမကြီးမှ လက်ခံခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)