သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

 
သထုံ မေ ၂၈
မွန်ပြည်နယ် သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးစီးပြီး ဒုတိယအကြိမ် ဆက်လက်ထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများအား ယနေ့ နံနက်က စတင်ကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို သံဃာတော် များ၊ သီလရှင်များ၊ ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဦးစား ပေးထိုးနှံပေးခဲ့ရာ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့မှအထိ ပထမအကြိမ် ထိုးနှံပြီးသူပေါင်း ၄၃၀၀ ကျော်ရှိပြီး အဆိုပါထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံခြင်းအဖြစ် မေလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိတစ်ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ယခုထိုးနှံခြင်းမှာ ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးခြင်းဖြစ်ပြီး လာမည့် ဇွန်လ ၃ ရက်နေ့ နောက်ဆုံး ထား ကာ ပထမအကြိမ်ထိုးနှံပြီးသူအားလုံးကို ဒုတိယအကြိမ်ထိုးနှံပေးခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။