မိုင်းဖြတ် မေ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အ ရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ ၁ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာတွင် တာချီလိတ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စောနှင်းဦးက ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများ၊ ကလေးသူငယ်များအား အကြမ်း ဖက်ခြင်းမှ စိတ်ပိုင်ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းများ၊ ပြင်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ် များနှင့် သက်သေခံကလေးသူငယ်များ ရရှိနိုင်သော အခွင့်အရေးများ၊ ပြင်မှုနှင့် ပြစ်ဒဏ်များ စသည့်တို့ကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကလေးသူငယ်များနှင့် အုပ်ထိန်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)