ထားဝယ် မေ ၂၉
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား မြို့နယ်ပေါင်းစုံအသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာဗိုလ်လုပွဲသို့တက်ရောက်လာသော ထားဝယ်အသင်းနှင့်ရေဖြူအသင်းတို့၏ယှဉ်ပြိုင်ကစားနေမှုကိုတနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးတင်အောင်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ နှစ်ဖက် အသင်းဂိုးမရှိ သရေရရှိပြီး ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ရေဖြူအသင်းက အနိုင်ရရှိသည်။
ထိုနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာတိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းက ပွဲစဉ်တစ်လျှောက် အကူအညီပေးသောကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက (ရှေ့တန်း၊လယ်တန်း၊နောက်တန်း ၊ဂိုးသမားနှင့်ပွဲစဉ်တစ်လျှောက်အကောင်းဆုံး)အားကစားသမားဆုရရှိသူများအားဆုများပေးအပ်ချီးမြှင့်၍တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးခင်မောင်မြင့်က ဒုတိယဆုရရှိသော ထားဝယ်အသင်းအားတစ်ဦးချင်း ဆု နှင့် ငွေသားဆုချီးမြှင့်သည်။
ဆက်လက်၍တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးကျော်ဇေယျက ပထမဆုရရှိသောရေဖြူအသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်ပြီး တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးတင်အောင်က ပထမဆုရရှိသောရေဖြူအသင်းအား တံခွန်စိုက်ဒိုင်းဆု ချီးမြှင့်ခဲ့ကြောင်းသတင်း ရရှိသည်။ထားဝယ်(ခရိုင်ပြန်/ဆက်)