အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကျင်းပ

အိမ်မဲ  မေ  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများအား အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားလျက်ရှိရာ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ ဦးစီးဌာန ရုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ          ဦးစီးအရာရှိ ဒေါ်ခင်လဲ့လဲ့ခိုင်သန်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံကွန်ပျူတာသင်တန်းကို ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူဖြစ်စေရန်၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာစေရန်ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းတွင် သင်တန်း သား/သင်တန်းသူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ထို့နောက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစက်ချုပ်သင်တန်းကိုလည်း ဇွန်လ(၂) ရက်နေ့တွင် အဆိုပါဦးစီးဌာန၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတက် ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ်(၀၉၂၅၃၇၃၆၃၇၇နှင့် ၀၉၄၀၀၂၈၉၈၃၈)သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရသည်။

ချစ်သက်လယ်(မြို့နယ်၊ ပြန်/ဆက်)