မင်းပြားမြို့၌ ၂၀၂၁ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မင်းပြား မေ ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်း စိုက်ပျိုးရေးတောင်သူများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်းကို မေ ၂၈ ရက်နေ့မှ စတင်ကာ မြို့နယ်မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရာ၌ တစ်ဘက် တစ်လမ်းမှ အဆင်ပြေစေရန်အတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား တောင်သူများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၀ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုး စရိတ် ချေးငွေအား ကျေးရွာအုပ်စု (၅၈) အုပ်စုမှာရှိတဲ့ တောင်သူ (၅၉၉၂)ဦး၏ လယ်ဧက(၃၃၇၁၇)ဧက အတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကျပ်(၅၀၅၇၅.၅)သိန်းကို ထုတ်ချေးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရ သည်။ ဆက်လက်၍ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးယူမှုဆိုင်ရာ စည်းကမ်းချက်များအား  မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသိန်းလှက ရှင်းလင်းပြောကြားပြီး ယခု ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ကျေးရွာအုပ်စု(၇၀)အုပ်စုရှိ စိုက်ပျိုးဧက(၅၅၆၅၇)ဧကအတွက်  ကျပ်(၈၃၄၈၅.၅)သိန်းအား ထုတ်ချေးပေးသွားရန် စီစဉ်ထား ရှိကြောင်း မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)