ကြို့ပင်ကောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

ကြို့ပင်ကောက် မေ ၂၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များအား ကာယကံရှင်များထံပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်က ကံကလေးကျေးရွာ ဘုန်းတော်ကြီး ကျောင်း တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးခင်မောင်က ပန်းခင်းစီမံ ချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကားပြောကြားသည်။

ယခုပေးအပ်ပွဲတွင် ကြို့ပင်စခန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၁၀)ရွာမှ အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၂၅)ကတ်နှင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၇၈)ကတ်၊ အိမ်ထောင်စုလူဦးရေ စာရင်း ၆၆/၆(၂)စောင်ကို ပေးအပ်ခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုစာရင်းမရှိသေးသည့် အိမ်ထောင်စုများ၊ အသက်(၁၆) နှစ်နှင့် (၁၈)နှစ်အကြား ပြည်သူများ၊ အသက်(၁၈)နှစ်အထက်နိုင်ငံသား စိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ (၁၈)လကြာ အချိန်ယူကာ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင် ထံမှသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)