တောင်ငူ၌ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာသည့် အလေ့အထများ ဖြစ်စေရန်နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေ

တောင်ငူ မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင် ကြရန် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်နှင့်တုံ့ပြန်ရေး ကော်မတီရုံးရှေ့၊ ဘုရင့်နောင်စျေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

​တောင်ငူခရိုင်အတွင်း နှာခေါင်းစည်းများ တပ်ဆင်သွားလာသည့် အလေ့အထများဖြစ်စေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေး​​ကောင်စီဥက္ကဋ္ဌ ဦးမိုးထက် ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ နှာခေါင်းစည်း အခုရေ (၈၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းများ ဖြန့်​​ဝေခြင်းနှင့် အသိပညာ​ပေးလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာသည့် အလေ့အထ များ ဖြစ်စေရန် ရည်ရွယ်ကာ ပြုလုပ်ရခြင်းဖြစ်ပြီး တောင်ငူမြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ လည်း နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ရက်သတ္တပတ်များ၌ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

​တောင်ငူခရိုင် (ပြန်/ဆက်)