စစ်တွေမြို့နယ်၌ “ပန်းခင်း” စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ

စစ်တွေ    မေ  ၂၉

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်ဦးစီးမှူးရုံး၏ “ပန်းခင်း”စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ပါဒလိတ်ကျေးရွာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ ရခိုင်ပြည်နယ်ဦးစီးမှူး ၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်မှ “ပန်းခင်း” စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော  နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြေားကြားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရခိုင်ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် တာဝန် ရှိသူများက အသီးသီးပေးအပ်ကြသည်။ ထို့နာက်အခမ်းအနားသို့တက် ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြသည်။

စစ်တွေမြို့နယ်အတွင်းရှိ အမျိုးသား ၁၀၆ ဦး ၊ အမျိုးသမီ ၉၉ ဦး စုစုပေါင်း ၂၀၅ ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)