ဂန့်ဂေါ မေ ၂၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ Social Distancing စနစ်ဖြင့် ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျား(၉၆)ဦးနှင့် မ(၁၂၉)ဦး စုစုပေါင်း (၂၂၅)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလွင်မိုးနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ဇွန်လ ၃ရက်နေ့အထိ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)