မြင်းခြံမြို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

မြင်းခြံ မေ ၂၉

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြင်းခြံမြို့ အ.ထ.က(၁)ကျောင်း ဧရာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြင်းခြံ ခရိုင် ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုအခြေအနေများ နှင့် မေလ ၂၄ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ခဲ့ပြီး ကျောင်းသား/သူများပိတ်ရက်မရှိ လက်ခံပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/သူ များအတွက် မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လှိုင်က ကျောင်းသုံးပြဌာန်းပုံနှိပ်စာအုပ်များ ပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်က ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ပေးအပ်ခြင်း၊ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က Mack၊ Face Shield များ ပေးအပ်ခဲ့ကြသည်။

မြင်းခြံမြို့နယ်တွင် အ.ထ.က ၁၂ ကျောင်း၊ အ.ထ.က(ခွဲ) ၂၀ ကျောင်း၊ အ.လ.က ၆ ကျောင်း၊ အ.လ.က(ခွဲ) ၁၂ ကျောင်း၊ မူလွန် ၂၆ ကျောင်း၊ အ.မ.က ၁၁၇ ကျောင်း၊ အ.မ.က(ခွဲ) ၁ ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်း ၁၉၄ ကျောင်း ရှိသည်။                       

ကျော်စွာ(မြင်းခြံ)