လဟယ်မြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအသုတ်ထိုးနှံ

လဟယ် မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီမှညနေ(၄)နာရီ အထိ လဟယ်မြို့အထက်တန်းကျောင်းသီတဂူကျောင်းဆောင်၌ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။ ၎င်းကိုဗစ်၁၉ရောဂါကာကွယ်ဆေးကိုလဟယ်မြို့နယ်အတွင်းရှိ၀န်ထမ်းများ၊၀န်ထမ်းမိသားစု၀င်များနဲ့ရပ်ကွက်ပြည်သူလူထုများအား ပထမအသုတ်ထိုးနှံရာတွင် (၁၅၅၃)ဦး၊ ဒုတိယအသုတ် ထိုးနှံသူ(၁၀၅)ဦးစုစုပေါင်း (၁၆၅၈)ဦးထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။

ရှားဆက်(လဟယ်)