ခေါဇာမြို့ ရပ်ကွက်(၂)၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်

ခေါဇာ မေ ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၊ ရပ်ကွက်(၂)အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယနေ့ ရက်နံနက်ပိုင်းက ခေါဇာမြို့ကျောင်းသစ် ဘုန်းတော်ကြီးကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၆)နှစ်နှင့် (၁၈)နှစ်အကြား အသက်(၁၈) နှစ်ပြည့်ပြီး သူများအား လည်းကောင်း၊ အိမ်ထောင်စုစာရင်း (မရှိ/ပျောက်ဆုံး)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်/ပျက်သူများအား ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရေးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ခေါဇာမြို့ရုံး ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပြီး ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများအား ရပ်ကွက်/ကျေးရွားများ အရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ခေါဇာမြို့လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

ညီညီချမ်း(ပြန်/ဆက်)