ရခိုင်ပြည်နယ် ရသေ့တောင်မြို့ မြို့ဈေး၌မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြဆောင်ရွက်ခြင်းပြုလုပ်

ရသေ့တောင်        မေ    ၃၀

ရခိုင်ပြည်နယ်၊ ရသေ့ တောင်မြို့  မြို့မဈေးကြီး၌၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့်၊ မီးလောင်မှုဖြစ်ပွားပါက အလျင်အမြန်မီးငြိမ်းသတ်နိုင် စေရန်အတွက် ရသေ့တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးသိန်းမောင် နှင့်ရ​သေ့တောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ရ​​​​သေ့တောင်မြို့နယ်မီးသတ်တပ်ဖွဲ့ တို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီ အချိန်က မီးငြိမ်းသတ်ရေးနှင့် ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ​ အောင်ချမ်းသာက မီးလောင်မှုဖြစ်ပွားနေစဉ်  မီးငြိမ်းသတ် တတ်စေရန် ဈေးသူ၊ ဈေးသားများအား လက်တွေ့ သရုပ်ပြမျာ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍  မြို့မဈေးကြီး အတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ရေပိုက်ခေါင်းများ ၊ မီးသတ်ဆေးဘူးများထားရှိမှု ၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်ကြစေရန်နှင့်ဈေးအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး အကြုံ ပြုခဲ့ကြ ကြောင်း သိရသည်

မြို့နယ်(ပြန်/ဆက်)