မြင်းခြံမြို့တွင် အမှတ် (၁) ရပ်ကွက်ရှိ တပ်ကုန်းဘုန်းကြီးကျောင်း မြောက်ဘက်လမ်းတွင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မြင်းခြံ မေ ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁) ရပ်ကွက်ရှိ တပ်ကုန်းဘုန်းကြီးကျောင်း မြောက်ဘက်လမ်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြင်းခြံမြို့ အမှတ် (၁) ရပ်ကွက်ရှိ တပ်ကုန်းဘုန်းကြီးကျောင်း မြောက်ဘက်လမ်းကို ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေ ပြီး လမ်းအရှည် ပေ ၂၈၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေ ရင်း ဘဏ္ဍာငွေ ၄.၉၂ သန်းဖြင့် ဆောင်ရွက်နေပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဦးကျော်စိုးက ပြောသည်။

မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြင်းခြံမြို့တွင် ကတ္တရာလမ်းခြင်း လုပ်ငန်းများ၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ၊ ယိုယွင်းပျက်စီးနေသောလမ်းများအား ထပ်ပိုး လွှာခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)