ကျိုင်းတုံမြို့တွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ

ကျိုင်းတုံ    မေ    ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ခေမရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ရပ်တော်မူဘုရားကြီး အရုဏ်ခံတန်ဆောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျိုင်းတုံမြို့ သံသရာအေးကျောင်းတိုက်ဆရာတော်ထံမှ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက် တည်ပြီး ဆရာတော်အရှင်သူ​မြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ကျိုင်းတုံမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတိုက် ​ကျောင်းအုပ်ဆရာတော်က လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအမျှပေးဝေခဲ့ကြောင်းသိရသည်။

အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မေလ ၂၇ ရက် မှ ၃၁ ရက်နေ့အထိ ငါးရက်တိုင်တိုင် ပူဇော်ကျင်းပခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)