တပ်ကုန်းမြို့၌ အမှိုက်ကင်းစင်ရေးအတွက် အမှိုက်ပုံးများပေးအပ်

တပ်ကုန်း    မေ    ၃၁

  နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် တစ်မြို့နယ်လုံး စိမ်းလန်းစိုပြေရေးနှင့်အမှိုက်ကင်းစင်ရေး( One State One Township Project  )အတွက် အမှိုက်ပုံးများပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူစိုးက တစ်မြို့နယ်လုံးစိမ်းလန်း စိုပြေရေးနှင့်အမှိုက်ကင်းစင်ရေး( One State One Township Project ) စီမံကိန်းဝင်ကျေးရွာ များအနေနဲ့ မိမိကျေးရွာများအတွင်း သန့်ရှင်းသာယာရေးဆောင်ရွက်ရာတွင်  လိုအပ်သည့် နေရာ များ၌ အမှိုက်ပုံးများထားရှိပေး၍ အကျိုးရှိအောင်သုံးစွဲရန်၊ စနစ်တကျထိန်းသိမ်းရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများက စီမံချက်ကိုအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား  အမှိုက်ပုံးများပေးအပ်သည်။

 တပ်ကုန်းမြို့နယ်တွင် ( One State One Township Project  ) အမှိုက်ကင်းစင်ရေး ဆောင် ရွက်သည့် ဘုရင့်နောင်ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၂)အုပ်စုအတွက် အမှိုက်ပုံး(၃၈)လုံး ပေးအပ် ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)