သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော်မတီ အမှတ်စဉ်(၃/၂၀၂၁) အစည်းအဝေး တက်ရောက်
Jun 01,2021
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အမှတ်စဉ်(၃/၂၀၂၁) အစည်းအဝေးကို ယမန်နေ့ နံနက် ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ တွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကော်မတီဝင်များ၊ Snacks Mandalay Co, ltd မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရမည်းသင်းမြို့နယ်အတွင်း၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ် သင်ကြား
Jun 01,2021
မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယမန်နေ့ နံနက်(၈)နာရီခွဲတွင် စတင်ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်းသိရသည်။
ချောက်မြို့နယ်အဆင့်​ကျောင်းအပ်နှံ​ရေးအခမ်းအနားကျင်းပ
May 31,2021
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် မ​ကွေးတိုင်း​ဒေသကြီး ချောက်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က​ ချောက်မြို့ အမှတ်(၁) အ​ခြေခံပညာ အထက်တန်း​ကျောင်း မြရိပ်ညို ခန်းမ၌ကျင်းပသည်။
ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဝန်ထမ်းသားသမီးများ အား စားသောက်ကုန်ပစ္စည်းများနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်ခြင်း ဟားခါး၌ ကျင်းပ
May 31,2021
ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဝန်ထမ်းသားသမီးများ အား စားသောက်ကုန်ပစ္စည်းများနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်ခြင်း ဟားခါး၌ ကျင်းပ
ကွတ်ခိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်          နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
May 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကွတ်ခိုင် မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်(၉)နာရီအချိန်က ပန်းခင်း စီမံချက်ဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။      
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေများအား ပိုမိုသိရှိနားလည်နိုင်စေရန်အတွက် သုံးသပ်တင်ပြဆွေးနွေး
May 31,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား၊ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေများအား ပိုမိုသိရှိနားလည်နိုင်စေရန်အတွက် သုံးသပ်တင်ပြဆွေးနွေးခြင်းကို၊ မေလ(၃၁)ရက်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေခန်းမတွင်ပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး
May 31,2021
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးရေး လုပ်ငန်းများကို တောင်တွင်းကြီး မြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ရပ်ကွက်/ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့ ရွှေအိုး (၁) ရပ်ကွက် အတွင်းမှပြည်သူများ အတွက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။
ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ခံစားရရှိသော သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ သွားရောက်ပေးအပ်
May 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့အတွင်းရှိ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်(ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) အတွက် လူမှုရေးပင်စင်ခံစားရရှိသော အသက် (၈၅) နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို မေလ ၂၆ ရက်နေ့ နံနက် ၉နာရီ အချိန်ခန့်က အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများနှင့် ရပ်ကျေးစာရေးတို့မှ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။