ရေနံချောင်းမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရေနံချောင်း မေ ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရေနံချောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကျင်းပရာ ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်က တက်ရောက်အမှားစကား ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးသန်းနိုင်က လုပ်ငန်းခွင်သာယာရေး ဘေးအန္တရာယ် ဆိုင်ရာလုံးခြုံရေးနှင့် ပတ်သက် ၍လည်းကောင်း၊ မြို့နယ်ပညာရေးမှူးဦးအေးဝင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာမှ အခမဲ့ထောက်ပံ့သော ထက်၊လယ်၊မူအဆင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအထောက်အကူပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ မျက်နှာအကာတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ကျောင်းအုပ်ဆရာ ဆရာမများက လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲလင်းအောင်၊ အတွင်းရေးမှူး ရဲမှူးသန်းနိုင်၊ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးသန်းဌေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးဦးစန်းနိုင်၊ ဦးတင်အောင်ဦး၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာ ထက်၊လယ်၊ မူအဆင့် ကျောင်းအုပ်ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

စိုးသူအောင်