ပြည် ဇွန် ၂
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ဇွန်၁ရက်နေ့ ယနေ့နံနက်ပိုင်းကစတင်၍ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာကျောင်းများ စတင် ဖွင့်လှစ်ပြီဖြစ်ကြောင်းနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ပညာ သင်ယူလျက်ရှိကြောင်း သိရသည်။
ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းစုစုပေါင်း(၁၈၈)ကျောင်းတွင် အထက်တန်း (၁၀၁၀)ဦး၊ အလယ်တန်း (၃၃၆၈)ဦးနှင့် မူလတန်း(၇၀၆၂)ဦး စုစုပေါင်း (၁၁၄၄၀)ဦး ကျောင်းအပ်နှံလက်ခံပြီးဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံမှု ၃၀ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း၊ အဆိုပါ အပ်နှံသူ အခြေခံပညာ ထက်/လယ်/မူကျောင်းသားကျောင်းသူများအနက် KG နှင့် Grade(1)အတန်းကို နံနက် ၈ နာရီမှ ၁၁နာရီ ၁၅မိနစ်အချိန်အထိလည်းကောင်း၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းများကို နံနက် ၈နာရီမှ မွန်းလွဲ ၁၂နာရီ၁၅မိနစ်အချိန်အထိလည်းကောင်း ကိုဗစ် ၁၉ စည်းကမ်းချက် များနှင့် အညီ စာပေသင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)