သတင်းများ

ပုလောမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကို ကာကွယ်ဆေးထိုးနှံပေး
Jun 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသူများကို ယမန်နေ့ နေ့လည် ၂ နာရီက ပုလောမြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Jun 02,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် မြို့နေပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီ က ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ စတင်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
မြောင်းမြ၌ မိုးစပါးပျိုးစာရိတ် ချေးငွေများ ထုတ်ချေးလျက်ရှိ
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်ပျိုးသူ တောင်သူ လယ်သမားများအတွက် ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့ နံနက် ၉ နာရီတွင် တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် လာရောက်ကျောင်းတက်လျက် ရှိကြောင်း သိရသည်။
ကျွဲ၊ နွား မွေးမြူထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Jun 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျွဲ၊ နွား မွေးမြူထုတ်လုပ်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။
လမိုင်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jun 02,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊လမိုင်းမြို့၌နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရရှိသေးသည့် ဒေသခံ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယနေ့ နံနက် (၁ဝး၃၀)အချိန် ခန့်ကမြို့မ(၂)ရပ်ကွက် မုနိပါလခန်းမ၌ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်း ရေး ပြုလုပ်
Jun 02,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် မီးသတ်တပ်ဖွဲ့ဝင် များက စုပေါင်းသန့်ရှင်းရေး ပြုလုပ် ခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့မ မြောက်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံ ပညာမူလတန်းလွန်ကျောင်း တွင် ပြုလုပ်ခဲ့ကြသည်။
တောင်ငူ​မြို့နယ်၌ ၂၀၂၁ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 02,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို သာသနာ့ ဟိတကာရီဗိမာန်တော်ကြီးတွင် ကျင်းပလျက်ရှိကြောင်း ခရိုင်သာသနာ​ရေးဦးစီးဌာနမှ သိရသည်။