သတင်းများ

မြိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြား
Jun 02,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကိုဗစ်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိ
Jun 02,2021

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာ ကျောင်းများအားလုံးတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံကျောင်းများအားလုံး စတင်ဖွင့်လှစ်ပြီး သက်ဆိုင်ရာ အတန်းအလိုက် ဘာသာရပ်များကို စတင်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

.မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2021
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ အခြေခံပညာကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် လာရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း များ ဆောင်ရွက်
Jun 02,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ နံနက် (၈)နာရီခွဲအချိန်က ရပ်ကွက်များမှ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဥမ္မာစိန်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2021

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက် ၉ နာရီတွင် တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာဖြင့် လာရောက်ကျောင်းတက်လျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေပေးခြင်းဆောင်ရွက်
Jun 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးဆောင်သော အဖွဲ့သည် ယနေ့ နံနက် (၈) နာရီက ကလိန်အောင်မြို့ လူစည်ကားရာ လမ်းဆုံလမ်းခွများနှင့် ရေး-ထားဝယ် ကားလမ်းမပေါ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များအခမဲ့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတတိယအသုတ် ထိုးနှံ
Jun 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယ အသုတ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီမှညနေ ( ၄ ) နာရီအထိ ပလောက်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေသီလာရတနာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မြောင်းမြမြို့၌ အစိုးရဓမ္မာစရိယ စာမေးပွဲကျင်းပ
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်သာသနာရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ မွန်းတည့် ၁၂ နာရီက စကြာသီဟ၊ စကြာနန္ဒဘုရားဝန်းအတွင်းရှိ ထွန်းညွန့်ရတနာစံ ကျောင်းဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။