မကွေး ဇွန် ၂
မကွေးတိုင်းဒေသကြီး (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက် အမှာ စကားပြောကြားသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က မကွေးတိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါ တတိယလှိုင်းအဖြစ် ပြန်လည်တွေ့လာရတဲ့အတွက် တိုင်းဒေသ ကြီး COVID-19 ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြား ဌာနဆိုင်ရာများ ပူးပေါင်းကာ COVID-19 ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး တိုးမြှင့်ဆောင်ရွက်မည့် အစီအမံများအား တိုင်းဒေသကြီး မြို့နယ်အသီးသီးက သိရှိလိုက်နာ ဆောင်ရွက်နိုင်ဖို့ အမြန်ဆုံး ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ လက်ရှိအခြေအနေအရ မြို့နယ်အားလုံးကို COVID-19 ရောဂါ ကာကွယ် နှိမ်နင်း ကုသရေးလုပ်ငန်းဆိုင်ရာ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ အကြောင်းကြားစာပေးပို့ တပ်လှန့် နှိုးဆောင်ခြင်း၊ တိုင်း၊ ခရိုင်၊မြို့နယ်အဆင့် Swab Team များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ COVID-19 ကာကွယ်ဆေးထိုးနှံရေးနှင့် AEFI စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်းများအပြင် ရောဂါကာကွယ်ရေးအတွက် အဓိက အခြေခံအချက်များဖြစ်သည့် နှာခေါင်း စည်း(Mask)များ တပ်ဆင်ခြင်း၊လက်ကိုစက္ကန့်(၂၀)ကြာအောင် စနစ် တကျဆေးကြောခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊လူစုလူဝေးရှောင်ခြင်း အခြေခံလိုက်နာရမည့် အချက် များကို လူတိုင်းလိုက်နာကြရန် အဆက်မပြတ်နှိုးဆော် ဆောင်ရွက်ရမှာဖြစ်ကြောင်း မှာကြား သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက တိုင်းဒေသကြီး အတွင်း COVID-19 ရောဂါ ပြန်လည်တွေ့ရှိလာရသည့် အခြေအနေအား တင်ပြရာ မင်းတုန်း မြို့တွင် (၂၁-၅-၂၀၂၁)နေ့က ကားဂိတ်ပောင်းတံဂိတ်တွင် အလုပ်လုပ်သည့် ဦးဝမ်တင် အသက် (၆၀)နှစ် ကိုင်းငယ်ရွာ၌ နေထိုင်သူသည် ကိုယ်လက်မအီမသာဖြစ်ခြင်း၊အနံ့ပျောက်ခြင်းစသည့် လက္ခဏာများ ခံစားရ၍ မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ဆေးကုသမှုခံယူရာမှ ရောဂါပိုး တွေ့ရှိခဲ့ပြီး၊၎င်း၏ သမီး ဖြစ်သူ မဝင်းဝင်းမော် အသက်(၂၃)နှစ် မင်းတုန်းမြို့နေသူအား ရောဂါ စစ်ဆေးခြင်းဆောင်ရွက်ရာမှ တွေ့ရှိကာ၊၎င်းတို့နှင့် ထိတွေ့မှုရာဇဝင်ရှိသည့် လူ(၈)ဦးအား ထပ်မံစစ်ဆေးရာ ရောဂါပိုး မတွေရှိ ကြောင်း၊ ၎င်းပိုးတွေ့ လူနာ(၂)ဦးအား မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ထာရှိ၍ စောင့်ကြည့်ကုသမှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ထပ်မံ၍ သရက်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ လ(၃)တွင် တာဝန်ထမ်းဆောင် နေသော မူလတန်းပြဆရာမ ဒေါ်တင်တင်နွဲ့သည် ကင်ဆာရောဂါ ကုသမှုခံယူနိုင်ရန်အတွက် ရန်ကုန်မြို့ တပ်မတော်ဆေးရုံ(မင်္ဂလာဒုံ)သို့ (၂၅-၅-၂၀၂၁)ရက်နေ့တွင် သွားရောက်ပြသ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊ ၎င်းလူနာနှင့် ထိတွေ့မှု ရာဇဝင်ရှိသူ(၂၄)ဦး အား စစ်ဆေးရာတွင် ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း ရှင်းလင်းတင်ပြီး၊ တိုင်းဒေသကြီး(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက အထွေထွေဆွေးနွေးမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် COVID-19 ရောဂါ စစ်ဆေးခြင်း လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဆရာဝန်များ၊ ဓါတ်ခွဲကျွမ်း ကျင်များ၊ လက်ထောက် ကျန်းမာရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များ ပါဝင် သော အဖွဲ့(၂)ဖွဲ့အား ဖွဲ့စည်း ဆောင်ရွက်ထားရှိပြီးကြောင်းနှင့် COVID-19 ရောဂါသာမန် လူနာများအား တိုက်နယ်ဆေးရုံ၊ မြို့နယ် ဆေးရုံများတွင် စောင့်ကြည့် ကုသမှုလုပ်ငန်းများ ဆောင်ရွက်ရန် စီမံထားရှိပြီး လူနာရောက်ရှိ လာပါက ကိုဗစ် သံသယလက္ခဏာ လူနာစမ်း သပ်ခန်း၊ကိုဗစ်သီးသန့် စောင့်ကြည့်လူနာခန်းများ၊ ကိုဗစ် သီးသန့် အရေးပေါ် လူနာခန်းများ၊ အသက်ရှုစက်နှင့်အရေးပေါ် အောက်စီဂျင်ပိုက်လိုင်းများ ဆောင်ရွက် ထားကာ၊ COVID-19 ရောဂါ ပြင်းထန်လက္ခဏာရှိသည့် လူနာများအား ကုတင်(၂၀၀)ဆံ့ အထူးကု ဆေးရုံကြီး များဖြစ် သည့်(မကွေး၊မင်းဘူး၊ပခုက္ကူ)တို့တွင် စောင့်ကြည့်ကုသမှုလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထား ပြီးဖြစ်ကြောင်း သိရသည်။
မောင်ညီညာ