ပခုက္ကူမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ရဟန်း၊ သံဃာ၊ သီလရှင်ပေါင်း(၆၀)ပါးဝင်ရောက်ဖြေဆို

 ပခုက္ကူ ဇွန် ၁

ပခုက္ကူမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲအတွက် အမှတ်၃ရပ်ကွက်၊ ထင်းတန်းလမ်းရှိ ပရိယတ္တိစာ‌ဖြေဆောင်တွင် စာဖြေဌာနဖွင့်လှစ်ကာ ဇွန်၁ ရက်နေ့လယ် ၁၂ နာရီက ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ရဟန်း ၊ သံဃာ၊ သီလရှင်တို့စတင်ဖြေဆိုသည်။

ပခုက္ကူမြို့စာဖြေဌာနတွင် စာမေးပွဲဝင်ရောက်ဖြေဆိုတော်မူသည့် ရဟန်းသံဃာ ၊ သီလရှင်စုစုပေါင်း(၆၀)ပါးဖြစ်ပြီး ၊ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥကဋ္ဌ ဦးမိုးကျော်သူနှင့် အဖွဲ့ဝင်များနှင့် စေတနာရှင်များက စာမေးပွဲကြီးကြပ် ဆရာတော်များကို ဆွမ်း၊ ဘောစဉ်နှင့် ဝတ္ထု‌ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ၊ ဓမ္မာစရိယစာမေးပွဲဖြေဆိုတော်မူသည့် ရဟန်း ၊ သံဃာ၊ သီလရှင်များကို အချိုရည်နှင့် နဝကမ္မဝတ္ထုငွေများဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ဇော်(အဝေးသင်)