ကျောက်ပန်းတောင်း ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို၊ ယမန်နေ့ ညနေ(၄)နာရီက ကျောက်ပန်းတောင်းမြို့နယ် အားကစားကွင်းတွင်ကျင်းပခဲ့ရာ၊ ညောင်ဦးမြို့နယ် အမျိုးသမီးအသင်းနှင့် ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ တစ်ဖက်(၂)ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။
အဆိုပါ ဘောလုံးယှဉ်ပြိုင်ပွဲသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်း၊ ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ညောင်ဦးခရိုင်အမျိုးသမီးဘောလုံးအသင်းနှင့် ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီး ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ၊ ပထမပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ်အသင်း(၂)ဂိုး အသာဖြင့် ဦးဆောင်ကစားခဲ့ပြီး၊ ဒုတိယပိုင်းတွင် ညောင်ဦးမြို့နယ်အသင်းက ချေပဂိုး(၂)ဂိုး ပြန်လည်သွင်းနိုင်ခဲ့သဖြင့်၊တစ်ဖက်(၂)ဂိုးစီဖြင့်ပွဲပြီးဆုံးခဲ့ကြောင်းနှင့် အဆိုပါ ဘောလုံးပြိုင်ပွဲများကို (၁.၆.၂၀၂၁)ရက်နေ့မှ (၃.၆.၂၀၂၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)