ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား COVID-19 ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ပုဏ္ဏားကျွန်း ၊ ဇွန် ၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏား ကျွန်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက်ရှိ ပြည်များအား COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို မြို့နယ်ပြည်သူ့ ဆေးရုံခန်းမဆောင်၌ ဇွန်လ(၁)ရက်၊ နံနက် (၁၀)နာရီက စတင်ကာ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ က  အသက်(၁၈) နှစ်အထက်ရှိ လုံးဝမထိုးရသေးသည့် သူများနှင့် ဒုတိယအကြိမ်ထိုးနှံရမည့်
ပြည်သူများကို ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ၊ နံနက်(၁၀)နာရီမှ(၁၂) နာရီထိ၊ မွန်းလွဲ(၂) နာရီမှ(၄)နာရီအထိ COVID-19  ကာကွယ်ဆေးကို  ထိုးနှံပေးလျက်ရှိသည်။


အဆိုပါကာကွယ်ဆေးကို တစ်လမှာ တစ်ကြိမ်စီ(၂)ကြိမ်  ထိုးနှံပေးရမည့်ဖြစ်ရာ  ပုဏ္ဏားကျွန်းမြို့နယ် အတွင်းအသက်(၁၈)နှစ် အထက်ရှိ   ဒုတိယအကြိမ် ထိုးနှံပေးရမည့်သူ ၆၃၄၇ ဦးတို့ကို ပုဏ္ဏားကျွန်း မြို့နယ်ဆေးရုံနှင့် ယိုးတရုပ်တိုက်နယ်ဆေးရုံ၊ ပိုးရှီပြင် တိုက်နယ်ဆေးရုံ၊ အလယ်ချောင်း တိုက်နယ်ဆေးရုံ အသီးသီးတို့တွင် တစ်ပြိုင်နက်တိုင်း ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။


နီထွန်းအောင်