Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
တောင်သာမြို့၌ ကျောင်းဖွင့်ရက် ဒုတိယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိ
Jun 02,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဇွန်လ(၁)ရက်နေ့မှ ကျောင်းများဖွင့်လှစ်ခဲ့ရာ ဒုတိယနေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစတင်ဖွင့် လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာတက်ရောက် ပညာသင်ကြားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကျင်းပ
Jun 02,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆိုင်ကယ်ပြင် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ်ရှိပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Jun 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်အတွင်းရှိပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၆ နာရီ အချိန်မှစ၍ Mask Campaign ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုပွဲကျင်းပ
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်သံဃနာယကရုံးခန်းမတွင် ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆို လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ် ကိုရံတောင်ကျေးရွာ၌ ဒုတိယအကြိမ်ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Jun 02,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကိုရံတောင်ကျေးရွာ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အသက် ၆၅နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် လူမှုရေးအသင်းအဖွဲ့များ ၊ ပြည်သူများအား ယနေ့နံနက် ၉နာရီမှစ၍ ကိုရံတောင် ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင်ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်ရှိ အခြေခံပညာကျောင်းများကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန် ချက်နှင့် အညီဖွင့်လှစ်သင်ကြား
Jun 02,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်အတွင်း၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အတွင်း အခြေခံ ပညာ ကျောင်းများကို ဇွန်လ၁ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြက်ခြေနီအသင်း (အင်းစိန်)မှ ကူညီ ဆောင်ရွက်ပေးလျက်ရှိ
Jun 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကြက်ခြေနီအသင်း(အင်းစိန်)မှ ပြည်သူများ၏ ကျန်းမာရေးကိစ္စများကို နေ့စဉ်(၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် တာဝန်ရှိသူ များကရှေးဦးပြုစုနည်းဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28363
Page
28364
Page
28365
Page
28366
Current page
28367
Page
28368
Page
28369
Page
28370
Page
28371
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department