တံတားဦးမြို့နယ်တွင် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပ

တံတားဦး   ဇွန် 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community   Centre  ခန်းမတွင်    ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်အကြောင်း   အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြကြောင်း မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေကြောင်းနှင့် ဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝါဝါဝင်းသူက ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်(GAHP)အကြောင်းနှင့်ပတ်သက်၍ ဌာနမှရေးဆွဲထုတ်ပြန်ထား ရှိသည့် အချက်()ချက်ရှိပါကြောင်း အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ထုတ်ကုန်များမွေးမြူထုတ်လုပ်နိုင်ရေး ပြည်တွင်းစားသုံးမှု ဖူလုံကာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ထောက်ပံ့ပေးနိုင်ရေး (GAHP)ကို စနစ်တကျလိုက်ပါကျင့်သုံးခြင်းဖြင့် အရည်အသွေးကောင်းမွန်သည့် တိရိစ္ဆာန်နှင့် တိရိစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်း ခြံအလုပ်သမားများ လုပ်ငန်းခွင်တွင် ဘေးအန္တရာယ်ကင်းရှင်းခြင်း မိမိတို့ခြံမှထွက်ရှိသော အသား နို့ ဥစသည့်တို့ကို စားသုံးသူများသူ အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ခြင်း   မွေးမြူထားသော တိရိစ္ဆာန် လေးများ၏ ဘဝ သာယာဝပြောရေးကိုလည်း ဆောင်ရွက်နိုင်ခြင်း ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းလာခြင်းနှင့် ဇိဝလုံခြုံမှုပိုမိုကောင်းမွန်လာပြီး ကူးစက်ရောဂါကျရောက်မှုမရှိခြင်းစသည့်အကျိုးကျေးဇူးများရရှိလာမည် ဖြစ်ကြောင်းနှင့်တံတားဦးမြို့နယ်အနေဖြင့်  နို့စားနွားနှင့် ခိုင်းနွားစုစုပေါင်းနွားကောင်ရေ (၅၄၈၃၅) ကောင် ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်

ရဲတင့်(တံတားဦး)