ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ် ဇွန် ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) နှင့် အမျိုးသမီးများအဖွဲ့ (Women Club) တို့ ပူးပေါင်း၍ စာရေးဆရာ အိုဗြောင်းဟက် ရေးသားသည့် သက်ထားဆွေ ဘာသာပြန်ထားသော HELEN KELLER ၏ သူမနှင့်သူမဘဝ စာအုပ်ကို ယနေ့ နံနက် ၉နာရီခွဲအချိန်က အဆိုပါ ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင် -၃ ဒေါ်ဇာခြည်ဝင်းက စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းဖြင့် စာပေချစ်မြတ်နိုးသူများအချင်းချင်း တစ်ဦး၏ အတွေးအမြင်များ၊ ရသများကို ဖလှယ်ခွင့်ရရှိကြောင်း၊ ဖွဲ့စည်းထားသည့် အသင်းအဖွဲ့များနှင့်အတူ စာဖတ်သူများ အကြိုက် စာအုပ်များနှင့် လစဉ်စာဖတ်ဝိုင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင် -၃ ဒေါ်ဇာခြည်ဝင်းက စာရေးဆရာ အိုဗြောင်းဟက် ရေးသားသည့် သက်ထားဆွေ ဘာသာပြန်ထားသော HELEN KELLER ၏ သူမနှင့် သူမဘဝစာအုပ်နှင့် ပတ်သက်၍ အဆိုပါစာအုပ်သည် မသန်စွမ်းသူများနှင့် လူငယ်များ၏ ဘဝနှင့် စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးသည့် စာပေအမျိုးအစား ဖြစ်သဖြင့် စာဖတ်ပရိတ်သတ်များ အနေဖြင့် ဖတ်ရှုသင့်ကြောင်း သုံးသပ်ဆွေးနွေးခဲ့ပြီး အမျိုးသမီးများအဖွဲ့ (Women Club) အဖွဲ့ဝင်နှင့် စာအုပ်စာ စောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်မြတ်နိုးရတီတို့က စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောအောင်မျိုးလွင်