မက်မန်းမြို့တွင် အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြားလျက်ရှိ

မက်မန်း   ဇွန်    

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်၌ ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၁)ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း(၄)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၃)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း(၃)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၂၉)ကျောင်း နှင့် အခြေခံပညာမူလတန်းကျောင်းခွဲ(၉)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၅၀)ရှိပြီး  ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူ စုစုပေါင်း ၉၅.၆ ရာခိုင်နှုန်းဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

မက်မန်းမြို့နယ်အနေဖြင့် ကျောင်းသား/သူ ဦးရေ( ၂၈၆၉) ရှိသော်လည်း (၃-၆-၂၀၂၁) ရက်နေ့အထိ (၂၇၄၄)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး (၁၂၅) ဦး ပျက်ကွက်ရခြင်းမှာ နှစ်သုတ်တက်ကျောင်းများ ရှိသည့်အတွက် ပျက်ကွက်ရရှိခြင်း ဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးထံမှ သိရသည်။

မက်မန်း(ပြန်/ဆက်)