ရွှေပြည်သာမြို့နယ်တွင်ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းများဆောင်ရွက်

 

ရွှေပြည်သာ      ဇွန်      

ရန်ကုန်မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မြတ်မြတ်နှင်း ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေး  ဝန်ထမ်းများကယနေ့နံနက်   နာရီချိန်တွင် ရွှေပြည်သာ မြို့နယ်အတွင်းရှိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး များ ထိုးနှံပေးခြင်း၊ တိုက်ကျွေး ပေးခြင်း များကိုဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အသက်မွေးကင်းစမှ()နှစ်ခွဲထိကလေးငယ်များအား အသက်အရွယ်အ လိုက်  ဘီစီဂျီဆုံဆို့၊ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ဦးနှောက်အမှေးရောင်  (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ပြင်းထန်  ဝမ်းပျက် ဝမ်းလျှော ရောဂါ  (ရိုတာကာ ကွယ်ဆေး)  ဝက်သက်ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး()မျိုးကို ထိုးနှံပေးပြီးပိုလီယို အကြောသေ ရောဂါ ကာကွယ် ဆေးကိုလည်း  ကလေးငယ် များအား တိုက်ကျွေးခဲ့ကြသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံတွင်ကလေးငယ်များအားကိုဗစ်-၁၉စည်းကမ်းချက်များ နှင့်အညီ ကာကွယ်ဆေး ထိုးနှံခြင်း၊ တိုက်ကျွေး ခြင်းကို ဇွန်()ရက်နေ့မှ ()ရက်နေ့ထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

အေးမိုး( ပြန်/ဆက်)