ရွှေပြည်သာမြို့နယ်၌ ကျောင်းဖွင့်ရက် တတိယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ပညာသင်ကြားလျက်ရှိ

ရွှေပြည်သာ ဇွန် ၃ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဇွန်လ(၁)ရက်နေ့မှ ကျောင်းများစတင်ဖွင့်လှစ်ခဲ့ရာ တတိယနေ့ တွင်ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့် လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကျောင်းဖွင့်ရက် တတိယနေ့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ယူနိုင်ရေးအတွက် ဆရာ၊ ဆရာမများက ကျောင်းအဝင်ပေါက်မှ အပူချိန်တိုင်းခြင်း၊ Mask နှင့် Face Shield များ တပ်ဆင်စေခြင်း၊ လက်ဆေးခြင်းများ ဆောင်ရွက်စေပြီး ကျောင်းဝင်းအတွင်းနှင့်အပြင် လုံခြုံရေးများ စောင့်ကြပ် ထားရှိပြီး ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် ညီညွတ်မှုရှိ/မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။ ရွှေပြည်သာမြို့နယ်အတွင်းတွင် အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (၂)ကျောင်း၊ အလယ်တန်းကျောင်း (၆)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၆)ကျောင်း၊ မူလတန်းကျောင်း (၃၁)ကျောင်း စုစုပေါင်း(၅၇)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူမျာအေးချမ်းစွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။ အေးမိုး